ဂိမ်းကို ဘိန်းလိုစွဲနေသောကလေးများ ဦးနှောက်အာရုံကြော ထိခိုက်လာနိုင်
ကွန်ပျူတာဖြင့် ဂိမ်းကစားနည်း ရေရှည်သုံးစွဲနေသော ကလေးငယ်များအနေဖြင့် ဦးနှောက်အာရုံကြော ထိခိုက်လာနိုင်ဖွယ်ရှိကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဦးသက်ဦးက ပြောသည်။”ကွန်ပျူတာက စက်ကိရိယာ ဖြစ်တယ်၊ သူ့မှာ တုန်ခါမှုတွေရှိတယ်၊ ဒီတုန်ခါမှုက ဦးနှောက်အာရုံကြောကိုထိခိုက်လာနိုင်တယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တက်တာတို့ဖြစ်နိုင် ပါတယ်၊ နောက်ကွန်ပျူတာကို အနီးကပ်ကြီး အာရုံစိုက်ပြီး ကြည့် ရတဲ့အတွက်ကြောင့် မျက်လုံးထိခိုက်လာမယ်၊ မျက်ကြည်လွှာထဲကို အလင်းတွေခဏခဏဝင်ပါများ တော့ မျက်လုံးအားနည်းလာနိုင်တယ်”ဟု ၄င်းက ပြောသည်။
ထို့အပြင်ဂိမ်းများကို အလွန်အကျွံစွဲလမ်းစွာသုံးသော ကလေးငယ်များ အများဆုံးရင်ဆိုင်ကြုံတွေလာရမည်မှာ ဗီတာမင်ဒီချို့တဲ့မှုကြောင့် အရိုးများသန်မာမှုကျဆင်း လာပြီး ကင်ဆာနှင့် ချဉ်ဆီအားနည်းခြင်းများ ကြုံတွေ့လာမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ဂိမ်းကစားသည့်ကလေးငယ်များသည် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်သော အားကစားများတွင် ပါဝင်မှုမရှိဘဲ အိမ်တွင်းအောင်း ဂိမ်းကစားကြသောကလေးငယ်များ ဖြစ်သဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု လိုအပ်သော အသက် ၁ဝ နှစ်ကျော် အရွယ်တွင် ကျောရိုးဆစ်ပျော့သော ရောဂါများမှတစ်ဆင့် အာရုံကြောအားနည်းခြင်း၊ လုံလောက်သော နေရောင်မရရှိမှုကြောင့် အရေပြားကင်ဆာ၊ ရင်ကျပ်ရောဂါ၊ သွေးကင် ဆာနှင့် ခြေမခိုင်သော ဒူးဆစ်များကိုက်ခဲသော အဆစ်အမြစ်ရောင် ရောဂါဖြစ်ပွားနှုန်းများ တိုးမြင့် လာကြကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
”ပတ်ဝန်းကျင်ဘာတွေဖြစ်နေတယ်ဆိုတာလဲ မသိတော့ဘူး။ ဖြစ်ပျက်နေတဲ့အခြေအနေကို လိုက်လျောညီထွေနေတတ်တဲ့ လူငယ်တစ်ယောက်လည်းဖြစ်မလာနိုင် တော့ဘူး” ဟု ဒေါက်တာဦးသက်ဦးမှ သတိပေးပြောကြားသည်။
မိဘများအနေဖြင့်လည်း ကလေးငယ်များ ဂိမ်းအလွန်အကျွံ သုံးစွဲမှုကိုတားမြစ်ပြီး အိမ်မှကျောင်းသို့ လမ်းလျှောက်တတ်သော အလေ့အကျင့်များပြုလုပ်ပေးခြင်း၊ အားလပ်ချိန်များတွင် နေရောင်ခြည် ကောင်းမွန်စွာရရှိသော ကိုယ်လက် လှုပ်ရှားမှုကို ဦးစားပေးသည့် အား ကစားများကို ကစားစေခြင်း၊ ကယ်လ်ဆီယမ်ဖြည့်စွက်အစား အစာများကို ပိုမိုစားသုံးစေခြင်းနှင့် ကယ်လ်ဆီယမ်ကြွယ်ဝသော နွားနို့သောက်သုံးသည့်အလေ့အကျင့်များကို ပြုလုပ်ပေးရမည်ဟု ဒေါက်တာဦးသက်ဦးက လမ်းညွှန် သည်။
ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ဂိမ်းကစားခြင်းကို ကျန်းမာရေးပြဿနာတစ်ရပ်အနေနှင့် ဦးစားပေးပြီး စဉ်းစားသင့်ကြောင်း အဆိုပါဒေါက်တာက သုံးသပ် ပြောကြားသည်။
No comments:
Post a Comment